ဓာတ်ခွဲနမူနာ ၂၅၃ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့
DVB
·
July 27, 2020
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂၅၃ ခု အား စစ်ဆေးရာ ကိုဗစ်-၁၉ လူနာသစ်မတွေ့ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက်ထုတ်ပြန်ပါတယ်။
မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၈၆၈ ခု စစ်ဆေးရမှာတော့ အမေရိကန်နိုင်ငံက ပြန်လာတဲ့ ဖျာပုံမြို့နယ်နေ အသက် ၅၀ အရွယ် အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ည ၈ နာရီ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ အတည်ပြုလူနာ ၃၅၀ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၀ ဦး၊ အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၇၂ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၂ ဦးရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၆၅၂၀၀၀ ကျော်နဲ့ ရောဂါပိုး ကင်းစင်လာသူ ၁၀ သန်းကျော် ရှိတယ်လို့ သိရပါတယ်။