ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ် ၁ စီး တံတားအောက်ထိုးကျ၊ ၂ ဦး ဒဏ်ရာရ
DVB
·
July 26, 2020
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၂၉/၆ အနီးမှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က ယာဉ် ၁ စီး ရှေ့ယာဘက်ဘီးပေါက်ပြီး တံတားအောက် ထိုးကျ တိမ်းမှောက်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပန်းတင်အမြန်လမ်းမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းက တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်တိုက်မှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။