အသက် ၆ နှစ်အရွယ် ကိုဗစ်-၁၉ လူနာအမှတ် ၃၁၈ ဆေးရုံမှ ဆင်းခွင့်ရ (ဓာတ်ပုံ)
DVB
·
July 25, 2020
တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ အသက် ၆ နှစ်အရွယ် ကိုဗစ်-၁၉ လူနာအမှတ် ၃၁၈ ဟာ နှစ်ကြိမ်ဆက် စစ်ဆေးချက်အရ ရောဂါပိုး မတွေ့ရတော့လို့ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
ဒါပေမဲ့ ကလေးငယ်ကို ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
လူနာသစ် ကလေးငယ် အမှတ် ၃၁၈ ဟာ အိန္ဒိယက ပြန်လာပြီးနောက် တွန်းဇံမြို့နယ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်နေစဉ် ဇူလိုင် ၈ ရက်နေ့ ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုး တွေ့ရှိခဲ့တာပါ။
Photo : THE TEDIM POST