Home
အနုပညာ
ရော့ခ်အဆိုတော် ဖော်ကာ အကဲဖြတ်အမှတ်ပေးမည့် ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ(ရုပ်သံ)
DVB
·
July 25, 2020
ဖော်ကာ အကဲဖြတ်
နာမည်ကြီး ရော့ခ်အဆိုတော်တယောက်ဖြစ်တဲ့ Wanted အဖွဲ့မှ ဖော်ကာကိုယ်တိုင် အကဲဖြတ်အမှတ်ပေးမယ့် ကာရာအိုကေသီချင်းဆိုပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အွန်လိုင်းပေါ်မှာ ကျင်းပနေပါတယ်။ အချိန် ၇ ရက်တာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲကိုတော့ JOOX Myanmar အပလီကေးရှင်းကနေ စီစဉ်တာဖြစ်ပြီး JOOX Karaoke Battle Activity စာမျက်နှာထဲက သတ်မှတ်ပေးထားတဲ့ ဖော်ကာရဲ့ သီချင်း ၁၀ ပုဒ်ထဲက ကြိုက်နှစ်သက်ရာ သီချင်းတွေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ဝင်ပြိုင်ထားတဲ့သီချင်းကို လူမှုကွန်ရက်တွေပေါ်မှာ သူငယ်ချင်းတွေဆီ ဝေမျှရင်းနဲ့ Like* အများဆုံးရအောင် ပြိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့သူ ၅ ယောက်ကို ဖော်ကာ ကိုယ်တိုင်ရွေးချယ်ပြီး လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။ အကောင်းဆုံး Winner ၅ ယောက်ကို ဆုကြေးအနေနဲ့ Canal+/JOOX VIP 360 days/ K Plus 360 days နဲ့ 100 coins ပေးသွားမှာ ဖြစ်တယ်လို့ ဖော်ကာရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013