ရခိုင်ပြည်နယ် ၇ နေရာတွင် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းဝင်မပြိုင်
DVB
·
July 23, 2020
၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို အန်အယ်လ်ဒီပါတီက ဒီကနေ့ ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မင်းပြားနဲ့ မြေပုံမြို့နယ်က ပြည်သူ့လွှတ်တော်ဆန္ဒနယ် ၂ နေရာနဲ့ အမျိုးသားလွှတ်တော် ၅ နေရာ အပါအဝင် ရခိုင်ပြည်နယ်ထဲက လွှတ်တော်ကိုယ်စားလှယ် နေရာ ၇ ခုမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်ခြင်းမရှိပါဘူး။
ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကတော့ ဂွမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်ကနေ ရခိုင်ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။