ဘိုကလေးမြို့နယ်တွင် အမျိုးသား ၁ ဦး မိကျောင်းဆွဲခံရ
DVB
·
July 15, 2020
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်းကြီးကျေးရွာအုပ်စု၊ သဲဖြူကျေးရွာမှာ ဇူလိုင် ၁၄ ရက် ညနေက အမျိုးသားတစ်ဦး မိကျောင်းဆွဲခံရပြီး ကဒုံကနိကျေးရွာ တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
အသက် ၃၃ နှစ်အရွယ် ကိုမျိုးဇော်ဟာ ညနေ ၆ နာရီလောက်က လယ်တောကနေ ပြန်လာ ပြီး အိမ်ရှေ့ချောင်းထဲမှာ ရေဆင်းချိုးနေစဉ် ဝဲဘက်ခြေသလုံးကို မိကျောင်း တစ်ကောင်က စတင်ကိုက်ချီပြီး ဆွဲသွားတာလို့ ဆေးရုံမှာ တာဝန်ကျတဲ့ ဆရာ၀န် ဒေါက်တာဉာဏ်မင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။
အဲဒီလို မိကျောင်းကိုက်ချီခံရတဲ့အတွက် ကျန်ရှိနေတဲ့ ယာဘက်ခြေထောက်နဲ့ မိကျောင်းရဲ့ ဦးခေါင်းကို ကန်လိုက်တာကြောင့် ညာဘက်ခြေသလုံးကို ထပ်မံကိုက်ချီပြီး မိကျောင်းလည်း ရေထဲကို ဆင်းသွားတာပါ။
ကိုမျိုးဇော်ကို မိချောင်းကိုက်ချီခဲ့တာကြောင့် ဝဲဘက် ခြေဖနောင့်ကြော စုတ်ပြဲဒဏ်ရာနဲ့ ဖနောင့်ကြောပြတ်ထွက်သွားသပြီး ဝဲဘက်ခြေဖဝါးမှာလည်း ပေါက်ပြဲဒဏ်ရာ ၃ ခုရရှိခဲ့ကာ ယာဘက် ဒူးအောက်ပိုင်းမှာလည်း စုတ်ပြဲဒဏ်ရာတွေရရှိထားပြီး ကဒုံကနိတိုက်နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။
သတင်း - စိုးမိုးအောင် ၊ ဓာတ်ပုံ - ဒေါက်တာဉာဏ်မင်း