မကွေးတိုင်း အစိုးရရုံးဝန်းအတွင်းက လက်ဖက်ရည်ဆိုင်တွင် လူသတ်မှုဖြစ်ပွား
DVB
·
July 10, 2020
မကွေးတိုင်း အစိုးရအဖွဲ့ ရုံးဝန်းထဲက လက်ဖက်ရည်ဆိုင်မှာ ဇူလိုင် ၉ ရက်နေ့ ညနေပိုင်းက ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အစိုးရရုံးဝန်းထဲက လက်ဖက်ရည်ဖျော်သူနဲ့ မော်တော်ယာဉ်မောင်း တို့နှစ်ဦး အချင်းချင်း စနောက်ရာကနေ မကျေနပ်လို့ ဓားနဲ့ထိုးခဲ့တဲ့အတွက် ယာဉ်မောင်းလုပ်ကိုင်သူဟာ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာ။”
မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်ကတ "လက်ဖက်ရည်ဆိုင်မှာ ခင်မင်ရင်းနှီးသူ အချင်းချင်း စကြနောက်ကြရာကနေ မကျေနပ်လို့ ကြက်သွန်လှီးတဲ့ ဓားနဲ့ထိုးခဲ့လို့ ဆေးရုံ ပို့ဆောင်ခဲ့ရာ ဓားထိုးခံရသူ အောင်ကိုချစ် သေဆုံးခဲ့တ" လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်သူ ဇေယျာဖြိုးကို မကွေးမြို့မရဲစခန်းမှာ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
သတင်း-မင်းထီး