Homeမြန်မာသတင်း
သာစည်မြို့နယ် ကျွဲတပ်ဆုံဂိတ်တွင် သိန်းပေါင်း ၁၁၀၀ကျော် တန်ဖိုးရှိ ဘိန်းမည်းများဖမ်းမိ
သာစည်မြို့နယ် ကျွဲတပ်ဆုံဂိတ်တွင် သိန်းပေါင်း ၁၁၀၀ကျော် တန်ဖိုးရှိ ဘိန်းမည်းများဖမ်းမိ
DVB
·
July 9, 2020
မန္တလေးတိုင်း၊ သာစည်မြို့နယ် ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ ဇူလိူင် ၈ ရက်က Hijet ကားနောက်ခန်းအမိုးမှာ အံဝှက်ပြုလုပ်သယ်ဆောင်လာတဲ့ သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းမည်းတွေ ဖမ်းမိတယ်လို့ သာစည်မြို့မရဲစခန်းရဲအရာရှိတဦးက ပြောပါတယ်။
"ဟုတ်ပါတယ်၊ မြို့မရဲစခန်းမှာပဲ အမှုဖွင့်ထားပါတယ်၊ ကွင်းဆက်တရားခံကိုတော့ စုံစမ်းနေဆဲပါ။"
ဘိန်းမည်း ၁ ထုပ်ကို အလေးချိန် ၁ ဒသမ ၆၃ ကီလိုဂရမ်ရှိပြီး ဘိန်းမဲ ၄၉ ထုပ် ဖမ်းမိခဲ့တာဖြစ်ပြီး ကာလတန်ဖိုး ၁၁၉၈ သိန်းကျော်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
မူးယစ်ဆေးတွေနဲ့ ဖမ်းမိတဲ့ ဖယ်ခုံမြို့နေ ယာဉ်မောင်း မြင့်ဝင်းနဲ့ ဘေးခုံမှာ လိုက်လာတဲ့ မိုးဗြဲရွာနေ သားဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေ ပုဒ်မ ၁၉(က)/၂၀(က)/၂၁ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း