ပုသိမ်နှင့်ပန်းတနော်တွင် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်နေသူ ကလေး ၂၀ ထိရှိလာ
DVB
·
July 9, 2020
ဧရာတိုင်း၊ ပုသိမ်နဲ့ ပန်းတနော်မြို့နယ်မှာ ဇူလိုင်လပထမပတ်အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားလို့ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေရသူ ၂၀ ထိ ရှိလာပြီလို့ သိရပါတယ်။
ပန်းတနော်မြို့နယ်မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားလို့ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေရသူ ၈ ဦးရှိပြီး ဟင်္သာတ၊ မအူပင် စတဲ့ ခရိုင် ဆေးရုံကြီးတွေကိုလည်း သွားရောက်ကုသမှုခံယူနေတဲ့ ကလေးတွေရှိတယ်လို့ ပန်းတနော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမင်းသန်းက ပြောပါတယ်။
"သွေးလွန်တုပ်ကွေးဖြစ်တဲ့ နေရာကိုသွားပြီးတော့ ကာကွယ်ရေးလုပ်ငန်းတွေကို သွားလုပ် ပေးရတယေ။ အသိပညာပေးလုပ်ငန်းတွေကတော့ ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ်ဆေးထိုး တဲ့အခါမှာ ပြောဖို့မှားထားပါတယ်။”
ပန်းတနော်မြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနက ဝန်ထမ်း တွေက ဧပြီလကစတင်ကာ အပိတ်ဆေး (ပိုးလောက်လန်းသေဆေး)ခပ်တာတွေ၊ ခြင်ဆေး ဖြန်းတာတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
အလားတူ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလို့ တက်ရောက် လာတဲ့ ကလေးငယ် ၁၂ ဦးထိရှိကြောင်း ပုသိမ်ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ မိုးရာသီကာလတွေဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ လတွေမှာ အဖြစ်များတက်တာကြောင့် မိဘတွေအနေနဲ့ ကလေးငယ်တွေကို ခြင်မကိုက်အောင် ဂရုစိုက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
မင်းထက်မုန်း (ပုသိမ်)