Home
မြန်မာသတင်း
ကော့​​သောင်းတွင် မူးယစ်ဆေးများနှင့် ​သေနတ် ၁ လက် ဖမ်းမိ
DVB
·
July 6, 2020
106299463_987907351645291_5854813751818428611_n
106391938_987907448311948_3258777403975899105_n
တနင်္သာရီတိုင်း၊ ကော့​​သောင်းမှာ ဇူလိုင် ၄ ရက်နေ့က ကျပ် ၂၄ သိန်းကျော်တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ​ ​သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ကော့သောင်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ကော့သောင်းခရိုင် မှုခင်းနှိမ်နင်းရေးအကူဌာနမှ ရဲအုပ်၀င်းကြိုင်နဲ့  အုပ်ချုပ်ရေးမှူး တို့ဟာ မူးယစ်ဆေးဝါးသတင်းအရ ဆယ်မိုင်ကျေးရွာအုပ်စု ပါဆယ်ပါးညန်းကျေးရွာနေ ရော်ချစ် (ခ) အချစ်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ရော်ချစ်က ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး နေအိမ်အတွင်း ဇနီး မဟာမီဒါးနဲ့ သား ဖိုက်ခွန်၊ နေအိမ်ကို ရောက်ရှိ နေသူ ခါလစ်တို့ ၃ ဦးကို တွေ့ရှိခဲ့ပါတယ်။ နေအိမ်ကို ဆက်လက်ရှာဖွေရာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား စုစုပေါင်း ၈၀၈ ပြား တန်ဖိုး ၂၄၂၄၀၀၀ ကျပ်နဲ့ ပွိုင့် ၃၈ ကျည်ဆန် ၁၂ တောင့်၊ သစ်သားရိုးတပ် စတီးကိုယ်ထည် ခြောက်လုံးပြူ ၁ လက်၊ ထိုင်းဘတ်ငွေ ၅ဝဝ၀ ဘတ်၊ မြန်မာငွေ ၂၂၀၀၀ ကျပ်တို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။ မဟာမီဒါး၊ ဖိုက်ခွန်၊ ခါလစ်နဲ့ ထွက်ပြေးတိမ်းရှောင်နေသူ ရော်ချစ်(ခ)အချစ်တို့ကို ကော့သောင်းရဲစခန်းက (ပ)၄၆/၂၀၂၀ မူးစိတ်ပုဒ်မ၁၉(က)/၂၁ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024