ချောက်တွင် ၂ ရက်အတွင်း လူ၂ ဦး ဓာတ်လိုက် သေဆုံး
DVB
·
July 4, 2020
မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ နှစ်ရက်အတွင်း ဓာတ်လိုက်မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၃ ရက်နေ့ညနေပိုင်းက အမှတ် ၁၄ စစ်ကွင်းရပ်မှာ ဇနီးဖြစ်သူက မိုးရွာနေစဉ် နေအိမ်ဝင်းအတွင်း ရေလွှဲမြောင်းဖော်ဖို့ ပေါက်ပြားနဲ့ မြေကြီးပေါက်စဉ် ပြတ်ကျနေတဲ့ ဖုန်းကြေးနန်းကြိုကို ပေါက်မိပြီး ဓာတ်လိုက်အော်ဟစ်နေတာကြောင့် ခင်ပွန်းဖြစ်သူ စိုးသူရကျော်က ပြေးဝင်ကူညီရာမှ လက်နဲ့ကိုင်မိပြီး ဓာတ်လိုက်သေဆုံးခဲ့တာလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မိုးရွာပြီးသစ်ပင်ဖိလို့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးက ဖုန်းကြေးနန်းကြိုးပေါ် လျှပ်စစ်ကူးနေတာလို့ ဆိုပါတယ်။
ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းကလည်း အမှတ် ၁၀ အေးစေတီရပ်ကွက်ရှိ ချောင်းရိုးငယ်အတွင်း ကြက်ပြောက်လို့ လိုက်ရှာသူ ချောင်းကူးရေပိုက်အား အောက်မှကုန်းဖြတ်စဉ် ခန္ဓာကိုယ်နဲ့ ထိပြီး ဓာတ်လိုက်ခဲ့တာကြောင့် ချောက်မြို့ပြည်သူဆေးရုံ အရောက်မှာ သေဆုံးသွားခဲ့ပါတယ်။
ရေပိုက်အား အောက်ကိုတွဲမကြစေဖို့ သွပ်နန်းကြိုးနဲ့ သစ်ပင်နှစ်ပင် ဆိုင်းကြိုးပြုလုပ်ထားတာဖြစ်ပြီး သွပ်နန်းကြိုးကို လျှပ်စစ်စီး ဝင်နေတာကြောင့် ဓာတ်လိုက်ခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချောက်မြို့မရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်လှစ် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)