Home
မြန်မာသတင်း
တရားဟောဆရာ စောဒေးဗစ်လားကို တရားရုံးက စွဲချက်တင်
ဇေယျာချမ်းအေး
·
July 2, 2020
73306389_3251166464940823_8284166352703260191_n
ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို မရမ်းကုန်းမြို့နယ်တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅နဲ့ စွဲချက်တင်လိုက်ပါတယ်။ ဒီကနေ့ ဇူလိုင်၂ ရက်နေ့ ၉ ကြိမ်မြာက်ရုံးချိန်းမှာ တရားရုံးက စွဲချက်တင်လိုက်ပြီး ဇူလိုင် ၇ ရက်နေ့မှာ  ရုံးချိန်းပြန်ခေါ်လိုက်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့ရုံးချိန်းမှာ တရားလိုနဲ့တရားပြိုင်နှစ်ဘက် စွဲချက်တင်သင့် မတင်သင့်ကို အပြိုင်လျှောက်လဲချက်တင်ခဲ့ကြပြီး တရားလိုဘက်က လျှောက်လဲချက်ဟာ ခိုင်လုံတယ်လို့ တရားသူကြီးက ယူဆတဲ့အတွက်  စွဲချက်တင်လိုက်တာပါ။ သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ပါပြဋ္ဌာန်းချက်တွေအရ ပြစ်မှုထင်ရှားရင် စောဒေးဗစ်လားနဲ့ဦးဝေထွန်းတို့ဟာ ၃ နှစ်ထက်မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံရမှာပါ။ စောဒေးဗစ်လားနဲ့ဦးဝေထွန်းတို့ဟာ အစိုးရက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက် စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာဘဲ လူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံထားရတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024