Home
မြန်မာသတင်း
စင်ကာပူတွင် အခက်အခဲကြုံတွေ့နေရသည့်  မြန်မာသင်္ဘောသား ၄၇ ဦး ရန်ကုန်ပြန်ရောက် 
DVB
·
July 2, 2020
106719261_1501567096710247_852369401818622777_o
စင်ကာပူနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့  မြန်မာသင်္ဘောသား ၄၇ ဦးကို ဇူလိုင် ၁ ရက်နေ့က အထူးလေယာဉ်နဲ့  မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ စင်ကာပူမှာ ရောက်ရှိနေပြီး Crew Change ပြုလုပ်ဖို့ လိုအပ်နေတဲ့ မြန်မာသင်္ဘောသားတွေနဲ့ နိုင်ငံတကာသင်္ဘောတွေပေါ်မှာ တာဝန်ထမ်းဆောင်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာသင်္ဘောသားစုစုပေါင်း ၄၇ ဦးတို့ကို ချန်ဂီလေဆိပ်မှ  မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (MAI) လေယာဉ်နဲ့  ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညက ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။ ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ပြီး သတ်မှတ်နေရာမှာ ၂၁ ရက်တာ အသွားအလာကန့်သတ်စောင့်ကြပ် quarantine ထားရှိမှာဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေးကာလ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားတာကြောင့် ပြည်ပမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားစုစုပေါင်း ၆၅၂၃ ဦးကို ကယ်ဆယ် ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တဲ့အထဲမှာ မြန်မာသင်္ဘောသား ၁၂၀၀  ဦးပါဝင် တယ်လို့ နိုင်ငံခြားရေးဌာနက သိရပါတယ်။ ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024