Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် အမျိုးသမီးချင်းစကားများပြီး ဓားခုတ်မှုဖြစ်ပွား၊ ၁ ဦးသေဆုံး
DVB
·
July 2, 2020
106720669_1710269639111261_2151817619119991474_n
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ကွင်းကောက်ရဲစခန်းအပိုင် တလိုင်ကွင်းကျေးရွာအုပ်စု ဇီးခုံးကျေးရွာမှာ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းက အမျိုးသမီးချင်း စကားများပြီး ဓားခုတ်မှု ဖြစ်ပွားလို့  တစ်ဦးသေဆုံးသွားပါတယ်။ ကွင်းကောက်နယ်မြေရဲစခန်းက တာဝန်ရှိသူက  "ဦးကမားရဲ့ပထမမိန်းမနဲ့ ဒုတိယမိန်းမတို့ စကားများရန်ဖြစ်ရာမှာ ပထမမိန်းမ လုပ်သူက ဒုတိယမိန်းမကို ဓားနဲ့၁၅ ချက်လောက် ခုတ်ခဲ့ရာမှ သေဆုံးမှု ဖြစ်ပွားခဲ့တာပါ”လို့ ပြောပါတယ်။ အမှုဖြစ်စဉ်ကို  ကွင်းကောက်နယ်မြေရဲစခန်း အမှုအမှတ်(ပ)၂၀၇/၂၀၂၀ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ လူသတ်မှုနဲ့ ဦးကမားရဲ့ ပထမအမျိုးသမီးကို အမှုဖွင့်လှစ်ပြီး အမှုကို ကွင်းကောက်နယ်မြေရဲစခန်း စခန်းမှူးရဲအုပ်ခင်မောင်စိုးက စစ်ဆေးနေပါတယ်။ သတင်း- သန်းထိုက်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024