Home
မြန်မာသတင်း
အင်းတကော်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး အထည်ချုပ်စက်ရုံကြိုပို့ယာဉ်ပေါ်က လူ ၄၀  ခန့် ဒဏ်ရာရ
DVB
·
June 29, 2020
105962969_663896960862182_4545375383652216780_n
105697059_663896884195523_5345301372216928102_n
104917044_663896990862179_733696597681950668_n
104713254_663896877528857_6420263225608486400_n
83033294_663896954195516_5660974316259668223_n
ပဲခူးမြို့နယ်၊ အင်းတကော်မြို့ အမှတ် ၂ ရပ်ကွက် ရန်ကုန်-ပဲခူးလမ်းမကြီး ရွှေလီဆီဆိုင် အနီးမှာ ဇွန်လ ၂၈ ရက် ညနေ ၅ နာရီခွဲလောက်က  ၁၂ ဘီးယာဉ် တွဲကား နှစ်စီးနဲ့ စက်ရုံကြိုပို့ ယာဉ်တစ်စီးတို့ တိုက်မိကြရာ လူ ၄၀ လောက် ဒဏ်ရာပြီး ပဲခူးဆေးရုံကြီးမှာ ပို့ဆောင်ထားရပါတယ်။ မန္တလေးဘက်ကို သွားမယ့် ၁၂ ဘီးတွဲကားဟာ အင်းတကော်မြို့ ရွှေလီဆီဆိုင်ကနေ ထွက်စဉ် လမ်းလယ်ကျွန်း အမှတ် ၁၇၂ နဲ့ ၁၇၃ အကြားမှာ ရန်ကုန်ဘက်ကလာတဲ့ ယာဉ်ကြော မရှင်းတဲ့အတွက် ရုတ်တရက် ရက်လိုက်စဉ် CCJC အထည်ချုပ်စက်ရုံက ဝန်ထမ်း ၄၀ လောက်ပါတဲ့ စက်ရုံကြိုပို့ယာဉ်ဟာ လမ်းလယ်ကျွန်းဘက်ကနေ မောင်းလာတုန်း အရှိန်မထိမ်းနိုင်တော့ပဲ ၁၂ ဘီးကားရဲ့အလယ်ပိုင်းကို ဝင်တိုက်မိသွားတယ်လို့ ရဲမှတ်တမ်းတွေအရသိရပါတယ်။ အဲဒီနောက် ခါးလယ်ကို ဖြတ်အတိုက်ခံလိုက်ရတဲ့ ၁၂ ဘီးကားရဲ့ အနောက်ပိုင်းကနေ ရွှေလီဆီဆိုင်ရှေ့မှာ ပဲခူးဘက်ကို ဦးတည်ရပ်ထားတဲ့ ၁၂ ဘီးကားတစ်စီးနဲ့ ထပ်မံတိုက်မိပြန်ပါ တယ်။ ယာဉ်တိုက်မှုကြောင့် CCJC အထည်ချုပ်စက်ရုံရဲ့  ကြိုပို့ကားပေါ်မှာပါလာတဲ့ ကျား ၄ ဦးနဲ့ မ ၃၆  စုစုပေါင်း ၄၀ ဦး ဒဏ်ရာအသီးသီးရပြီး ပဲခူးဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ ဒဏ်ရာပြင်းထန်စိုးရိမ်ရသူတော့ မပါဘူလို့သိရပြီး  ဇွန်လ ၂၉  ရက် မနက်အထိတော့ ဆေးရုံမှာ ကုသနေဆဲဖြစ်ပါတယ်။ သတင်း-အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024