ဓာတ်ခွဲနမူနာ ၁,၇၂၂ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၃၀ ရှိ
DVB
·
June 27, 2020
ဇွန် ၂၆ ရက်အတွက် ဓာတ်ခွဲနမူနာ ၁,၇၂၂ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်မတွေ့ရဘဲ စောင့်ကြည့်လူနာသစ် ၃၀ ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၁,၁၄၁ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၆၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၆၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဓာတ်ခွဲနမူနာ ၁၆၃ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၉၁ ခု၊ စုစုပေါင်း ၁,၇၂၂ ခုအား စစ်ဆေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဇွန် ၂၇ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၉၃ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာသစ် ၃၀၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်း ၁၆၁, ၂၂၆, ၂၃၄ နဲ့ ၂၄၆ တို့မှာ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတာကြောင့် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၂၁၅ ဦးရှိပါသည်။
အဲဒီထဲက အယောက် ၂၀၀ အား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၄၉၆၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၅ ဒသမ ၃ သန်း ကျော်ရှိတယ်လို့ သိရပါတယ်။