Homeမြန်မာသတင်း
အင်တာနက်ဖြတ်တောက်မှုချက်ချင်းရပ် ကမ်ပိန်း ဦးဆောင်သူ လူငယ် ၁ ဦး ငြိမ်းစုစီဖြင့် အမှုဖွင့်ခံရ
အင်တာနက်ဖြတ်တောက်မှုချက်ချင်းရပ် ကမ်ပိန်း ဦးဆောင်သူ လူငယ် ၁ ဦး ငြိမ်းစုစီဖြင့် အမှုဖွင့်ခံရ
DVB
·
June 22, 2020
ရမ်းဗြဲမြို့မှာ အင်တာနက်ဖြတ်တောက်မှုချက်ချင်းရပ် ကမ်ပိန်း ဦးဆောင်သူ လူငယ် ၁ ဦး ငြိမ်းစုစီပုဒ်မ-၁၉နဲ့ အမှုဖွင့်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့မှာ အစိုးရက အင်တာနက်ဖြတ်တောက်ထားတာဟာ ဇွန်လ ၂၁ ရက်နေ့က တနှစ်ပြည့်ပြီဖြစ်တာကြောင့် အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ် ကမ်ပိန်းကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်နဲ့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ အရပ်ဘက်အဖွဲ့တွေ ဦးဆောင်ကာ ကမ်ပိန်းတခု ပြုလုပ်ခဲ့ကြပါတယ်။
ရမ်းဗြဲမြို့မှာ အင်တာနက်ဖြတ်တောက်မှုချက်ချင်းရပ် စာတန်းပါ တူညီအင်္ကျီတွေကို ဝတ်ဆင်ကာ ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့တာကြောင့် ဦးဆောင်သူ ကိုမျိုးမင်းထွန်းကို ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက တရားလိုပြုလုပ်ကာ ရမ်းဗြဲမြို့မရဲစခန်းမှာ ငြိမ်းစုစီပုဒ်မ-၁၉ နဲ့ အမှုဖွင့်လှစ်ခဲ့တာပါ။
တရားစွဲဆိုခံရသူ ကိုမျိုးမင်းထွန်းက “အင်တာနက် ဖြတ်တောက်မှုချက်ချင်းရပ် စာတန်းပါအင်္ကျီတွေ ဝတ်ပြီးတော့ ဆိုင်းဘုတ် ၂ ခုကိုင်ပြီးတော့ လိုင်းပေါ်ကို တင်လိုက်တာပေါ့။ ဒါကို ရဲနဲ့ ထွေအုပ်က သူတို့ကို အကြောင်းမကြား အသိမပေးလို့ဆိုပြီးတော့ ငြိမ်းစုစီနဲ့ အမှုဖွင့်တာပေါ့၊ ကျနော်တို့ လုပ်တာကတော့ ၈ယောက်ပေါ့၊ ဒါပေမဲ့ ကျနော်က ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှာ တာဝန်ခံတယောက်ဖြစ်တာကြောင့် တာဝန်ခံကိုပဲ စွဲတာပါ” လို့ ပြောပါတယ်။
ကိုမျိုးမင်းထွန်းကို ငြိမ်းစုစီနဲ့ တရားစွဲဆိုခဲ့တဲ့အပေါ် အသေးစိတ်သိရှိနိုင်ဖို့ ရမ်းဗြဲမြို့မ ရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
နောင်နောင်