ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသနိုင်ရန် မြန်မာ့တိုင်းရင်းဆေး ၄ မျိုးကို သုတေသနပြုလုပ်
DVB
·
June 22, 2020
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ကုသနိုင်အောင် မြန်မာ့တိုင်းရင်းဆေး ၄ မျိုးကို သုတေသန ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံတိုင်းရင်းဆေးဗဟိုကောင်စီကနေ သိရပါတယ်။
တိုင်းရင်ဆေးအမှတ်(၁)၊ (၇)၊ (၂၃)နဲ့ (၂၅)တို့ လေးမျိုးကို ပေါင်းစပ်ပြီးတော့ အဆုတ်ရောဂါနဲ့ အဖျားရောဂါကို တိုက်ဖျက်ကုသနိုင်တာကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသပေးဖို့ သုတေသနပြုလုပ်နေတာလို့ မြန်မာနိုင်ငံတိုင်းရင်းဆေး ဗဟိုကောင်စီအဖွဲ့ဝင် သမားတော်ကြီး၊ ဦးဟိဏ်းထက်က ပြောပါတယ်။
ဆေးနံပါတ် (၁) က မက်လင်ချဉ်သီးနဲ့ ဖော်စပ်ထားတဲ့ သလိပ်ပုပ်ပျောက်ဆေးဖြစ်ပြီး ဆေးနံပါတ် (၇) ကတော့ နွယ်ချို၊ စမုံမျိုး ၅ ပါးနဲ့ဖော်စပ်ထားတဲ့ ချောင်းဆိုးပျောက်ဆေး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆေးနံပါတ် (၂၃) က လင်းနေမြစ်အပါဝင် (၂၃) မျိုးနဲ့ဖော်စပ်ထားတဲ့ အဖျားရောဂါနဲ့ အကိုက်အခဲပျောက်ကင်းပြီး ဆေးနံပါတ် (၂၅)ကတော့ ပဒဲမြင့်မိုရ်နဲ့ ဖော်စပ်ထားတဲ့ အဖျားရောဂါပျောက်ကင်းဆေး ဖြစ်တယ်လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါဟာ ချောင်းဆိုးရောဂါနဲ့ အဖျားရောဂါကို အခြေခံတာကြောင့် ချောင်းဆိုးပျောက်ဆေး ၂ မျိုးနဲ့ ဖျားနာပျောက်ဆေး ၂ မျိုးကို ပေါင်းစပ်ပြီး သုတေသနပြုလုပ်တာဖြစ်ပြီး အခြေအနေကောင်းတယ်လို့ ကြားသိရပါတယ်။
အဲဒီဆေးသာ သုတေသနပြုလုပ်ပြီး အောင်မြင်ခဲ့ရင် ဘေးထွက်ဆိုးကျိုးမရှိဘဲ ကုန်ကျစရိတ်သက်သာကာ ပြည်သူလူထုအတွက် အထောက်ပံ့ကောင်းတွေဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီကနေ သိရပါတယ်။
မင်းထီး