ပုသိမ်မြို့က ကိုဗစ်-၁၉ လူနာအမှတ် ၂၀၇ ရောဂါပိုးကင်းစင်သဖြင့် ဆေးရုံမှဆင်းခွင့်ရ
DVB
·
June 19, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ အသက် ၄၄ နှစ်အရွယ် အမျိုးသားဟာ ဓာတ်ခွဲအဖြ ၃ ကြိမ်ထိ ရောဂါမတွေ့ရှိတော့လို့ ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ ဆေးရုံကဆင်းခွင့်ပြုခဲ့တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။
လူနာအမှတ် ၂၀၇ ဟာ မလေးရှားနိုင်ငံက ပြန်လာသူဖြစ်ပြီး မေလ ၂၉ ရက်နေ့မှာ ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ကုသထားတာလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။
"သူ့ကို ရောဂါပိုးတွေ့ပြီးနောက်ပိုင်း ၃ ကြိမ်ထပ်စစ်တယ်။ အဲဒိ ၃ ကြိမ်လုံးမှာ ပိုးမတွေ့ဘူးဆိုတဲ့ အဖြေထွက်တယ်။ အဲ့ဒါကြောင့် အမှန်က သူကို Facility Quarantine မှာ ဆက်ထားရမှာ နေရာအခက်အခဲကြောင့် ဆေးရုံမှာထားပြီး ၇ ရက်ပြည့်လို့ ဆင်းခွင့်ပြုတာပါ။"
ရောဂါပိုးကင်းစင်သူဖြစ်သတ်မှတ်ပြီး ဆေးရုံဆင်းခွင့် ပြုခဲ့ပေမဲ့ သူ့ရဲ့နေအိမ်မှာ ၇ ရက် Home Quarantine အဖြစ်နေထိုင်ရမှာဖြစ်ပြီး လာမယ့် ဇူလိုင် ၃ ရက်နေ့မှာ ကျန်းမာရေးအခြေအနေကို ခေါ်ယူစစ်ဆေးဦးမယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ မေ ၁၉ ရက်က မလေးရှားက ပြန်လာသူ ၂ ဦးမှာ ကိုဗစ်-၁၉ မှာ ပထမဆုံး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ၂ ဦးစလုံး ရောဂါပိုးကင်းစင်ပြီဖြစ်လို့ လူနာအမှတ် ၁၉၁ ကို ဇွန်လ ၈ ရက်နေ့က နဲ့ လူနာအမှတ် ၂၀၇ ကို ဒီကနေ့ ဆေးရုံဆင်းခွင့်ပြုခဲ့တာပါ။
ဇွန်လ ပထမပတ်အထိ ဧရာဝတီတိုင်းကို တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံကပြန်လာတဲ့ ရွှေ့ပြောင်းအလုပ် သမား ၁၈၀၀ ကျော်ထိရှိနေသူတို့ကိုပြီး ပုသိမ်နဲ့ မအူပင်မြို့နယ်က အသွားအလာကန့်သတ် စောင့်ကြည့်စင်တာတွေမှာ ၂၁ ရက် အသွားအလာကန့်သတ် စောင့်ကြပ်ထားပါ တယ်။
မင်းထက်မုန်း (ပုသိမ်)