Home
မြန်မာသတင်း
ပုသိမ်တွင် လူတိုင်း Mask တပ်နိုင်ရန် တစ်ခုကို ကျပ် ၅၀ နှုန်းဖြင့် အခုရေ ၅ သိန်းရောင်းချပေး
DVB
·
June 16, 2020
104429693_872738769877134_5406715574504816247_o
104384337_872738476543830_7603275583443385582_o
104141562_872738649877146_8861346727947829226_n
103767575_872738536543824_2927643996057065627_o
103291703_872738719877139_4010959152249021586_o
102832692_872738816543796_4157081419712061826_n
102583476_872738606543817_468247202757167511_o
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ရန်ကုန်အခြေစိုက် ရွှေရောင်မဇ္ဇိုမ လူမှုကယ်ဆယ်ရေး အသင်းက Mask အခုရေ ၅ သိန်းနီးပါးကို တစ်ခုကို ၅၀ ကျပ်နှုန်းနဲ့ လာရောက်ရောင်းချပေးနေပါတယ်။ ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်းမှစတင်ကာ ပုသိမ်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ လှည့်လည် ရောင်းချပေးနေတာဖြစ်ပါတယ်။ ပြည်သူတွေကို Mask တပ်ဖို့အတွက် ဘယ်လိုပြောပြော စျေးတွေကြီးနေရင်း စားဝတ်နေရေးထိခိုက်မှာရှိတာကြောင့် စည်းကမ်း လိုက်နာမှုအားနည်းမှာဖြစ်လို့ Mask စျေးတွေ ကျလာစေချင်လို့ ခုလိုလာရောက်ရောင်းချပေးတာလို့  ရွှေရောင်မဇ္ဇိုမ လူမှုကယ်ဆယ်ရေး အသင်း တာဝန်ခံ ကိုမင်းမင်းက ပြောပါတယ်။ "အဓိက Mask တပ်ဖို့အတွက်က စျေးနှုန်းသင့်တင့်မျှတဖို့လိုအပ်ပါတယ်။ စည်းကမ်းချက်တွေ ဒဏ်ကြေးတွေ ဘယ်လောက်ပဲထုတ်ထုတ် စားဝတ်နေရေးထဲကနေ ငွေကြေးပဲ့ပါသွားမယ်ဆို စည်းကမ်းလိုက်နာဖို့ အခက်အခဲရှိပါမယ်။ ဒါကြောင့်မလို့  Mask စျေးနှုန်းတွေ ကျလာစေချင်လို့ ခဏတာဝင်ရောင်းပေးတာပါ။ တခြားသူတွေကိုလည်း စျေးနှုန်းကျလာအောင် ကူညီ ပေးစေချင်ပါတယ်" လို့ ပြောပါတယ်။ ရွှေရောင်မဇ္ဇိုမ လူမှုကယ်ဆယ်ရေး အသင်းအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း Mask တစ်ခုကို ၅၀ ကျပ်နှုန်းနဲ့ ကျုံပျော်၊ ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ အသုတ်၊ ကျောင်းကုန်နဲ့ အိမ်မဲစတဲ့မြို့နယ်တွေမှာရောင်းချပေးခဲ့သလို ခုစျေးနှုန်းနဲ့ရောင်းတာ အရှုံးခံရောင်းတာမဟုတ်ဘဲ အမြတ်နည်းနည်းယူပြီး ပြန်လည်ရောင်းချပေးတာသာဖြစ်တယ်လို့ ဆိုပါတယ်။ ရွှေရောင်မဇ္ဇိုမ လူမှုကယ်ဆယ်ရေး အသင်းဟာ ရန်ကုန်မြို့အခြေစိုက်အသင်းဖြစ်ပြီး တစ်ခုကို ၅၀နှုန်းနဲ့ ပိုးသတ်ပြီးသား ၃ လွှာ Mask တွေကို လာရောက်ရောင်းချပေးခဲ့တာပါ။ ဧရာဝတီတိုင်းမှာ နေအိမ်ပြင်ပ သွားလာသူတွေ အနေနဲ့ Mask တပ်ပြီးသွားလာဖို့ကို အစိုးရအဖွဲ့က မေလ ၂၀ ရက်နေ့ကစတင်ကာ အသိပညာပေးတာတွေနဲ့ ဒဏ်တပ်အရေးယူတာတွေ စတင်ပြုလုပ်လာခဲ့ပါတယ်။ Mask မတပ်ဘဲ နေအိပ်ပြင်ပသွားလာသူတွေကို တွေ့ရင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ၃ လွှာ Mask ၁ ခုကို  ကျပ် ၁၀၀၀ နှုန်းနဲ့ ၃ ခုရောင်းချပြီး အရေးယူတာမျိုးတွေလုပ်ဆောင်ခဲ့လို့ မေလ ၉ ရက်နေ့ထိ စာရင်းတွေအရ Mask မတပ်သူတွေထံက  ဒဏ်ကြေး ငွေကျပ် သိန်း ၅၃၀ ကျော်ရရှိထားတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ လက်ရှိအချိန်မှာ ပုသိမ်မြို့ရဲ့ ဆေးဆိုင်တော်တော်များများနဲ့ စတိုးဆိုင်အများစုမှာ ၃ လွှာ Mask ၁ ခုကို ငွေကျပ် ၃၅၀ ကနေ ၄၅၀ အကြားရောင်းချနေပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024