ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် တားဆီးရေးအမိန့် ဇွန် ၃၀ ရက်အထိ တိုးမြှင့်
DVB
·
June 13, 2020
ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် ဇွန် ၁၅ ရက်အထိ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအမိန့်ကို ဇွန် ၃၀ ရက်အထိ တိုးမြှင့်လိုက်ပါတယ်။
ပြည်သူကို ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေ (ဖြေလျှော့ပေးသည့် ကိစ္စရပ်များမပါ) ကို ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်လိုက်တယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
အမိန့်ကြောညာချက်တွေထဲမှာ လူစူလူဝေး မလုပ်ဖို့၊ ဘာသာရေးအခမ်းအနားတွေ မလုပ်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့ စတာတွေ ပါဝင်ပါတယ်။
အခုနောက်ပိုင်း ပြည်ပပြန်တွေကပဲ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာ များပေမယ့် ပိုးကူးစက်ခံလူနာတချို့လည်း ကူးစက်တဲ့ ဇာစ်မြစ်ရှာမတွေ့တာတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၄၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှုမှာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၆၅ ဦးထဲက ၁၅၈ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားပါတယ်။