ဘင်္ဂလားဒေ့ရှ်ပြန် ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ပြီးနောက် မောင်တောဈေးမြင်ကွင်း
DVB
·
June 11, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသူ ၄ ဦး ကိုဗစ်-၁၉ ရောဂါ တွေ့ပြီးနောက် မောင်တာမြို့မဈေးအတွင်းသို့ Mask မတပ်ရင်မဝင်ရ စည်းကမ်းကို ဇွန်လ ၁၀ ရက် မနေ့က စတင်လုပ်ဆောင်နေပါတယ်။
မောင်တော စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး ဒေါ်ဥမ္မာစောက "ပူးပေါင်းဆောင်ရွက်မှုတော့ ရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုလိုက်နာမှုကတော့ အားနည်း နေပါသေးတယ်။ ပြည်သူလူထုဘက်ကတော့ လိုက်နာဖို့လိုပါတယ်"လို့ ပြောပါတယ်။
မောင်တောမြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာသူ ၄ ဦးမှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိထားပြီး နောက်ထပ်ဆေးစစ်ချက်ခံယူထား သူတွေလည်း ရှိနေပါတယ်။
Photo - Kaung Mrat Naing / MPA