ကိုဗစ်-၁၉ လူနာအမှတ် ၂၄၉ တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ်တွင် တာဝန်ထမ်းဆောင်ခဲ့
DVB
·
June 11, 2020
ကိုဗစ်-၁၉ လူနာနံပါတ် ၂၄၉ ဟာ တရုတ်−မြန်မာနယ်စပ် လွယ်ဂျယ်ဂိတ်မှာ ပြည်ပကနေ ဝင်ရောက်လာသူတွေကို ကျန်းမာရေး စစ်ဆေးပေးတဲ့ သားဖွားဆရာမ ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် လွယ်ဂျယ်ဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၂၆ ဦးကို ကိုဗစ်-၁၉ ပိုး ရှိ၊မရှိ စစ်ဆေးရာမှာ သူတစ်ဦးတည်းမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လတ်တလောမှာ သူနဲ့အတူ ပိုးစစ်ဆေးခဲ့ပြီး ဗိုင်းရပ်ပိုးမတွေ့ရှိခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထွေအုပ်နဲ့ လဝက ဝန်ထမ်းတွေကို အသွားအလာကန့်သတ်ထားပါတယ်။
လူနာနံပါတ် ၂၄၉ ဟာ တရုတ်−မြန်မာနယ်စပ်လွယ်ဂျယ်ဂိတ်မှာ ဇွန်လ ၂ ရက်နေ့နဲ့ ဇွန်လ ၈ ရက်နေ့တွေမှာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး သူတာဝန်ထမ်းဆောင်ခဲ့စဉ် ကာလ အတွင်းမှာ တရုတ်နိုင်ငံကနေ ပြန်လည်ဝင် ရောက်လာသူ ၅၀၀ ကျော်ရှိပါတယ်။
လူနာနံပါတ် ၂၄၉ ဟာ လတ်တလောမှာတော့ ဖျားနာတာ နှာချေ ချောင်းဆိုးတာ မရှိသလို ကျန်းမာရေးကောင်းမွန်နေတယ်လို့ မိုးမောက်ပြည်သူ့ ဆေးရုံအုပ်ကြီးကပြောပါတယ်။