ကိုဗစ်ကာလ ဖျာပုံမြို့ ဘိုးဘွားရိပ်သာ၌ အလှူရှင်များ လိုအပ်နေ
DVB
·
June 7, 2020
ဖျာပုံမြို့ ကန်တော်မင်္ဂလာ ဘိုးဘွာရိပ်သာမှာ ကိုဗစ်-၁၉ ကာလ အလှူရှင်တွေ လျော့နည်းလာတာကြောင့် အဘိုး၊ အဘွားတွေအတွက် အာဟာရအလှူရှင်တွေ လိုအပ်နေတယ်လို့ ဖျာပုံမြို့ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သား ဥက္ကဋ္ဌ ဦးဘဟိန်းက ပြောပါတယ်။
“ကိုဗစ်ကာလာမှာ အလုပ်အကိုင် အခွင့်အလမ်းတွေက နည်းလာတော့ အလှူရှင်တွေလည်း လျော့နည်းလာတယ်။ ယခင်က တစ်လကို ၂၈ ရက်လောက်အလှူရှင်ရှိပြီး အခု ကိုဗစ်ကာလမှာ ၁ လကို ၁၈ ရက်လောက်ပဲ အလှူရှင်ရှိတယ်။ အလှူရှင်နည်းလာတော့ စိတ်အားတော့ငယ်တာပေါ့။”
ဖျာပုံမြို့ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာမှာ အဘိုး၊ အဘွား ၃၄ ဦးရှိပြီး တနေ့ ၃ ကြိမ် ကျွေးမွေးနေပြီး ငွေကျပ် ၇ သောင်းခွဲ ကုန်ကျတယ်လို့ ဆိုပါတယ်။
ဖျာပုံမြို့ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာကို ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ပြီး အဘိုး အဘွားတွေကို ပြုစုစောင့်ရှောက်ပေးနေတာလို့ သိရပါတယ်။
ကျော်စိုးမိုး(ဖျာပုံ)