Home
မြန်မာသတင်း
ညောင်တုန်းတွင် မြစ်ကမ်းပါပြိုကျမှုကြောင့် နေအိမ် ၅ လုံးအရေးပေါ်ရွှေ့ပြောင်း
DVB
·
June 5, 2020
102420770_864703440680667_7663638329551749120_o
101037195_864703317347346_2718148719894593536_n
101866019_864703350680676_8945050798794997760_n
101348059_864703290680682_7329695499777212416_n
101288503_864703380680673_3400497020387983360_n
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြိုနယ်၊ ရန်ကင်းစံကျေးရွာအုပ်စု၊ ရန်ကင်းစံရာ (အနောက်ကျွန်း) ကျေးရွာမှာ ဇွန်လ ၂ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကမ်းပါးပြိုကျခဲ့တာကြောင့် လူနေအိမ် ၅ လုံးကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန က မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းစံက “ဖြစ်တာက ၂ ရက်နေ့က စဖြစ်တာပါ၊ မနေ့ကလည်း ထပ်ဖြစ်တယ်။ တဖြည်းဖြည်း လူနေ အိမ်တွေနဲ့ နီးလာတာကြောင့် အန္တရာယ်ရှိနိုင်တယ်။ အားလုံးရွှေ့ရတာဆိုရင် ၅ လုံးရှိသွားပြီ။  လောလောဆယ် ရွာထဲက သူတို့ရဲ ဆွေမျိုးတွေ နေအိမ်ကိုရွှေ့ပြောင်းပေးထားပါတယ်။  မီးသတ်တပ်ဖွဲ့ဝင်တွေ ကြက်ခြေနီတပ်ဖွဲ့ ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေ့ပြောင်းပေးခဲ့ပါတယ်” လို့ ပြောပါတယ်။ မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ် ၅ လုံးက မိသားစုဝင် ၅ စု၊ လူဦးရေ ၂၁ ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာနဲ့ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ စုစုပေါင်း ၃၂၅၀၀၀ ကျပ်ကို ထောက်ပံပေးထားပြီး ဒီနေ့မှာလည်း ကျန်ရှိနေတဲ့ နေအိမ် ၂ လုံးတွက် ဆက်လက်ထောက်ပံ့ ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြစ်ရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ရတာနဲ့ ပတ်သက်ပြီး ညောင်တုန်းမြို့နယ် အမှတ် ၂ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပန်းလှိုင်မြစ်ရေတိုက်စား မှုကြောင့် ကျေးရွာရဲ့ ကမ်းခြေအကျယ် ၇၅ ပေ၊ အလျား ၁၅၀ ပေခန့် မြစ်အတွင်းပြိုကျသွားပြီး နောက် အန္တရာယ်ရှိတဲ့ နေအိမ် ၃ လုံးကို အရေးပေါ်ရွှေ့ပြောင်းတာတွေ ပြုလုပ်ပေးခဲ့ပြီး နေအိမ် ၉ လုံးကို သတိပေးထားတယ်လို့ ပြောပါတယ်။ ပြိုကျသွားတဲ့ ကမ်းပါးနဲ့ ဆက်စပ်နေတဲ့ ကမ်းပါးတွေကို မြစ်ရေတိုက်စားမှုနဲ့ ရေလှိုင်းပုတ်ခက် တိုက်စားမှုဒဏ်ကို ကာကွယ်နိုင်ဖို့ ရေတားတာတွေ လှိုင်းကာတာတွေကို မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်နေပြီး ကမ်းဆယ်တဲ့လုပ်ငန်းတွေကိုတော့ တိုင်းအစိုးရအဖွဲ့ထံ တင်ပြပြီး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024