Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရန်ပုံငွေမှ  ပဉ္စမအကြိမ်အဖြစ် ကျပ် ၈ ဒသမ ၇ ဘီလီယံခန့် ချေးပေးမည်
DVB
·
June 3, 2020
91999884_1756671094473723_8965131136703397888_o
ကိုဗစ်-၁၉ ရန်ပုံငွေကနေ ပဉ္စမအကြိမ်အဖြစ်  မြန်မာပြည်တွင်းက  စီးပွားရေးလုပ်ငန်း ၂၉၀ အတွက် ကျပ် ၈ ဒသမ ၇ ဘီလီယံလောက်ကို အစိုးရက ချေးငွေ ထပ်မံထုတ်ပေးသွားဖို့ ရှိနေပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုတွေအပေါ် ကုစားရေး လုပ်ငန်းကော်မတီကနေ ချေးငွေထုတ်ယူခွင့်ရရှိမယ့် ကုမ္ပဏီ၊ လုပ်ငန်းစာရင်းနဲ့အတူ ဇွန်လ၂ရက်နေ့က ထုတ်ပြန်လိုက်တာပါ။  ဒါပေမဲ့ ဘဏ်တစ်ခုခုက တရားစွဲဆိုခံထားရတဲ့ လုပ်ငန်း ဖြစ်ခဲ့ရင်တော့ ချေးငွေထုတ်ပေးမှာ မဟုတ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။  ဒီပဉ္စမအကြိမ် ချေးငွေထုတ်ပေးမှုမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက လုပ်ငန်း၊ ကုမ္ပဏီတွေ ပါဝင်ခဲ့ပြီး ကိုယ်ပိုင်ကျောင်း၊ တည်းခိုခန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ကားဝပ်ရှော့လုပ်ငန်း၊ ကွန်ပျူတာ မိတ္တူလုပ်ငန်း၊ ဆံပင်၊ မိတ်ကပ် အလှပြုပြင်ရေးလုပ်ငန်းတွေနဲ့ ကုန်ပစ္စည်း အရောင်းဆိုင်တွေလည်း ပါဝင်ပါတယ်။  အခုပဉ္စမအကြိမ် ချေးငွေအပါအဝင်ဆိုရင် ကိုဗစ်ကပ်ဘေးကာလမှာ အစိုးရက   စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀၀ ကျော်ကို ချေးငွေထုတ်ချေးခွင့်ပြုထားပြီးဖြစ်ပါတယ်။  ဒီချေးငွေအတွက် လျှောက်လွှာတွေကို မတ်လ ၃၀ ရက်နေ့မှာ စတင်လက်ခံခဲ့တာ ဖြစ်ပြီးတော့   လျှောက်ထားသူ ၄၀၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024