မန္တလေးတိုင်းဝန်ကြီးချုပ်ကဲ့သို့ မလိမ့်တပတ်စကားများမပြောဟု ကြံ့ခိုင်ရေးအမတ်ဝေဖန်
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 3, 2020
မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်လို မလိမ့်တပတ်စကားတွေ မပြောဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (USDP)ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဝေဖန်ပြောကြားလိုက်ပါတယ်။
“ဟိုဘက်က မန်းလေးတိုင်းက လက်ရှိ ဝန်ကြီးချုပ်ကြီး ဒေါက်တာဇော်မြင့်မောင်ပြောသလို ကျနော်တို့က ရာထူးလိုချင်လို့ မဟုတ်ဘူး။ လုပ်ပိုင်ခွင့်လိုချင်လို့ဆိုတဲ့ မလိမ့်တပတ်စကားတွေ ကိုယ်တို့က မပြောဘူး”လို့ ဦးမောင်မြင့်က ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ အကောင်းဆုံး အသန့်ရှင်းဆုံးနဲ့ ရှိတဲ့ Resource တွေ အကုန် ထုတ်သုံးပြီး နိုင်အောင်လုပ်မယ်လို့လည်း ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ရာခိုင်နှုန်းများများ အနိုင်ရရှိပြီး လွှတ်တော်ထဲ များများရောက်ကာ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်တဲ့ ဥပဒေတွေ၊ ဖျက်သွားတဲ့ ဥပဒေတွေကို ပညာရှင်တွေနဲ့ ကျန်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြန်လည်ရေးဆွဲ အသက်သွင်းမယ်လို့ လည်း ပြောပါတယ်။