Quarantine စင်တာက ပြန်ထွက်လာပြီးနောက် စင်္ကာပူပြန်ကိုယ်ဝန်ဆောင်သည် မီးဖွား
ညီငယ်
·
June 1, 2020
Quarantine စင်တာကပြန်ထွက်လာပြီး သုံးရက်အကြာမှာ စင်္ကာပူပြန်ကိုယ်ဝန်ဆောင်သည် အမျိုးသမီး တစ်ဦး ဒီနေ့မနက်မှာ ကလေးမီးဖွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်နဲ့ စင်္ကာပူနိုင်ငံကနေ ပထမအသုတ်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၄၄ ယောက်ထဲက ကိုယ်ဝန်ဆောင်သည် တစ်ယောက်ဟာ ပုလဲမြို့သစ်က မြရွှေပင်သဒ္ဓမ္မသုခရိပ်သာမှာ ၂၁ရက် Quarantineဝင်ခဲ့ပါတယ်။
Quarantineပ ရက်ပြည့်ပြီး မေလ ၂၉ ရက်နေ့မှာ နေအိမ်ကိုအပြန် ဗိုက်နာလာတာကြောင့် မြောက်ဥက္ကလာပဆေးရုံကြီးကို အရေးပေါ်တင်လိုက်ရတယ်လို့ မြရွှေပင်သဒ္ဓမ္မသုခရိပ်သာက ဆရာတော် ဒေါက်တာအရှင်ခေမာသီရိ(လှတော)က ဒီဗွီဘီကို မိန့်ပါတယ်။
ဆေးရုံရောက်ပြီးနောက် ဇွန် ၁ ရက်နေ့မနက်မှာ ယောက်ျားလေးမွေးဖွားခဲ့တာ ဖြစ်ပြီး မီးဖွားခဲ့တဲ့ စင်္ကာပူပြန်အမျိုးသမီးဖြစ်သူကတော့ ကယားပြည်နယ်ကဖြစ်ပါတယ်။
မေလ ၇ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်နဲ့ စင်္ကာပူနိုင်ငံကနေ ပြန်လာတဲ့သူ ၄၄ ယောက်ထဲမှာ ကိုယ်ဝန်ဆောင်သည် ၄၄ ယောက်အပါအဝင် ကျောင်းသူ၊ကျောင်းသားတွေနဲ့ အလုပ်သမားတွေ ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ သူတို့နေရပ်အသီးသီးကို ပြန်သွားကြပြီ ဖြစ်ပါတယ်။