ဓာတ်ခွဲနမူနာ ၁,၃၀၀ ကျော်ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာမတွေ့ရှိ
DVB
·
May 28, 2020
ဓာတ်ခွဲနမူနာ ၁,၃၀၀ ကျော်ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာထပ် မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက် သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဓာတ်ခွဲနမူနာ ၁,၀၂၆ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၅၁ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲ နမူနာ ၁၆၆ ခု၊ စုစုပေါင်း ၁,၃၄၃ ခုကို မနေ့ညနဲ့ ဒီကနေ့ မနက် စစ်ဆေးပြီးစီးခဲ့တယ်လို့ဆိုပါတယ်။
မေလ ၂၈ ရက် မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၂၀၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၂၆ ဦး ရှိသွားပြီလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။