မြဝတီချစ်ကြည်ရေးတံတားမှ မြန်မာရွေ့ပြောင်းလုပ်သား ၁၄၀၀ ကျော် ဝင်ရောက်
DVB
·
May 28, 2020
မေ ၂၇ ရက်က ထိုင်းနိုင်ငံကနေ မြန်မာရွေ့ပြောင်းလုပ်သား ၁၄၀၀ ကျော် မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ထပ်မံဝင်ရောက်လာတယ်လို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးခရိုင်အဆင့် ကော်မတီဥက္ကဋ္ဌ ဦးတေဇာအောင်က ပြောပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိထံ စားရင်ပေးပို့ထားသူ ၄၀၀ ကျော်၊ သီးခြားပြန်ဝင်လာသူ ၉၀၀ နဲ့ ပြစ်ဒဏ်ရက်စေပြီး ပြန်လာသူ ၅၀ ကျော်တို့ဟာ မဲဆောက်မြို့မှတဆင့် မြဝတီမြို့ကို ပြန်လည်ဝင်ရောက်လာတာပါ။
ဦးတေဇာအောင်က "ကျနော်တို့ရဲ့ မျှော်မှန်းချက်ကတော့ တနေ့ကို ၂၅၀၀ ပြန်ဝင်ရောက်လာအောင် စီစဉ်နေတယ်။ စစ်ဆေးမှုပုံစံကို ၂ နေရာအစား ၃ နေရာ ၄ နေရာအထိ ချဲ့ပြီးဆောင်ရွက်သွားဖို့ စီမံထားတယ်" လို့ ပြောပါတယ်။
ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လို့တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ပြန်လည်ပို့ဆောင်ပေးနေသလို့ မိမိတို့အစီအစဉ်နဲ့ သီးခြားပြန်ဝင်လာသူတွေလည်း ရှိပါတယ်။
ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတွေကို မဲဆောက်မြို့ BCF ဇုန်မှာ ကျန်းမာရေး စစ်ဆေးမှုခံယူပြီးမှ ထိုင်းနိုင်ငံတာဝန်ရှိသူတွေက မြန်မာနိုင်ငံတာဝန်ရှိသူတွေထံ စနစ်တကျ လွှဲပြောင်းပေးခဲ့တာပါ။
ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာဖို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိထံ စားရင်ပေးပို့ထားသူ ၃၃၀၀၀ ကျော်ထဲကနေ မေလ ၂၇ ရက်နေ့အထိ လူဦးရေ ၂၀၀၀ နီးပါးနဲ့ သီးခြားပြန်လာသူ ၅၀၀၀ နီးပါး ပြန်လည်ဝင်ရောက်လာပြီး ဖြစ်ပါတယ်။
ရဲမင်းခေါင်