COVID- 19 ကာကွယ်ရေး ဆေးဘက်ဆိုင်ရာပစ္စည်းများ အိန္ဒိယအစိုးရလှူဒါန်း
DVB
·
May 23, 2020
COVID- 19 ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ကုသရေးအတွက် အိန္ဒိယအစိုးရက မြန်မာအစိုးရကို အိန္ဒိယရူပီးငွေ ၄၆ သိန်းကျော် တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မေလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
COVID-19 ကာကွယ်ကုသထိန်းချုပ်ရေးအတွက် ဆေးဘက်ဆိုင်ရာပစ္စည်း ၁၈ မျိုး ထောက်ပံ့တာဖြစ်ပြီး ၁၄ မျိုးကို လေကြောင်းနဲ့ ပို့လိုက်တာလို့ တမူးမြို့ ဆေးရုံအုပ်ကြီးက ဒီဗွီဘီကို ပြောပါတယ်။။
ကျန်တဲ့ပစ္စည်း ၄ မျိုးကတော့ လေကြောင်းနဲ့မနိုင်တဲ့အတွက် အခု မိုးရေး-တမူး လမ်းကြောင်းကနေ အခုပို့လာတာလို့ ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ COVID- 19 အတည်ပြုလူနာ ၂၀၁ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၁၆ ဦးရှိပါတယ်။
ခွန်ဇော်ဦး