Home
မြန်မာသတင်း
COVID-19 လူနာသစ်  အမျိုးသမီး ၂ ဦးတွေ့ရှိ 
DVB
·
May 19, 2020
MOHS7
ယူအေအီးနိုင်ငံက ပြန်လာတဲ့ အမျိုးသမီး ၂ ဦးမှာ COVID-19 ရောဂါကူးစက်ခံရတာ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ လူနာသစ် ၂ ဦးကတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်နေ  အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ လှိုင်မြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံထားရသူတွေ ဖြစ်ပါတယ်။ ဒီကနေ့ ညနေပိုင်းမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၈၄ ခုနဲ့  ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၅၉ ခု၊ စုစုပေါင်း ၃၄၃ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် နှစ်ဦး တွေ့ခဲ့တာပါ။ မေလ ၁၉ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ‌ပေါင်း ၁၉၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၀၄ ဦးနဲ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၉၁ ဦးရှိသွားပြီဖြစ်ပါတယ်။ ဓာတ်ပုံ-MOHS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024