နေရပ်လမ်းလျှောက်ပြန် အိန္ဒိယ ရွှေ့ပြောင်းလုပ်သားများ ဘတ်စ်ကားတိုက်ခံရ၊ ၆ ဦးသေဆုံး
DVB
·
May 15, 2020
အိန္ဒိယနိုင်ငံ ဟာယာနာပြည်နယ်ကနေ ဘီဟာပြည်နယ်ကို လမ်းလျှောက်ပြန်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အမြန်မောင်းလာတဲ့ ဘတ်စ်ကားက တိုက်မိလို့ ခြောက်ဦး သေဆုံး ခဲ့ပါတယ်။
မေ ၁၃ ရက် ညနေပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ အခြား ၅ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ ပြီးခဲ့တဲ့မတ်လကုန်ကစလို့ လော့ဒေါင်းချခဲ့ပြီးနောက် မြို့ပြတွေဆီကနေ ဇာတိရပ်ရွာကို ပြန်တဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ မိုင်ရာချီခရီးကို ခြေလျင်ပြန်ခဲ့ကြတာပါ။
ဒီထဲမှာ တချို့ဟာ လမ်းမှာ အမောလွန်ဖျားနာတာ၊ သေဆုံးတာတွေ ဒါဇင်နဲ့ချီရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း အိမ်အပြန်ခရီးမှာ မောပန်းလို့ ရထားလမ်းပေါ်အိပ်နေတဲ့ လုပ်သား ၁၆ ဦး ရထားကြိတ်ခံရမှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
အိန္ဒိယဘဏ္ဍာရေးဝန်ကြီး စီသာရာမန်ကတော့ ရွှေ့ပြောင်းလုပ်သားသန်း ၈၀ နီးပါးအတွက် ရိက္ခာဖိုး ရူပီး ၃၅ ဘီလျံ (ဒေါ်လာ ၄၆၃ သန်း) အသုံးပြုဖို့ရှိတယ်လို့ ပြောကြော်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။