တောင်ဥက္ကလာပဆေးရုံကြီးက COVID-19 လူနာ ၄ ဦး ဆေးရုံမှဆင်း
ညီငယ်
·
May 12, 2020
COVID-19 ပိုးတွေ့လူနာအဖြစ်ဆေးကုသမှုခံယူနေတဲ့ တောင်ဥက္ကလာပဆေးရုံကြီးက လူနာ ၄ ဦးဟာ ဆေးစစ်ချက်အရ Neagative နှစ်ခါပြလို့ ဒီနေ့ မေလ ၁၂ ရက် မနက်မှာ ဆေးရုံက ဆင်းသွားပြီလို့ တောင်ဥက္ကလာပဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက ဒီဗွီဘီကို ပြောပါတယ်။
တောင်ဥက္ကလာပဆေးရုံကြီးမှာ လက်ရှိဆေးကုသမှုခံယူနေတဲ့ ပိုးတွေ့လူနာ ၅၆ ဦးထဲက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဆေးရုံက ဆင်းခဲ့သွားတာဖြစ်ပြီး Facility Quarantine ဆက်ဝင်ဖို့ ဖောင်ကြီးကို ပို့ဆောင်လိုက်ပါပြီ။
သူတို့ ၄ ဦးဟာ ဆေးရုံကဆင်းပြီးနောက် Facility Quarantine ၁၄ရက်(နှစ်ပတ်)၊ Home Quarantine ၇ ရက်(တစ်ပတ်)ဆက်ဝင်ရမှာဖြစ်ပါတယ်။
ကျန်တဲ့ ပိုးတွေ့လူနာ ၅၂ ဦးအထဲက ၁ ဦးကတော့ Neagative နှစ်ခါပြပေမဲ့ အဆုတ်ကင်ဆာရောဂါအခံကြောင့် ဆက်လက် ဆေးကုသမှု ခံယူနေရပါတယ်။
.ကျန်တဲ့လူနာတွေအားလုံး ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ တောင်ဥက္ကလာပ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးကပြောပါတယ်။