ဆွမ်ပရာဘွမ်မြို့အနီး ငလျင်လှုပ်
DVB
·
May 9, 2020
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့အနီးမှာ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီကနေ့ မေ ၉ ရက် ည ၈ နာရီ၊ ၅၇ မိနစ်၊ ၅၇ စက္ကန့် အချိန်က မြစ်ကြီးနားမြေငလျင်စခန်းရဲ့ မြောက်-အရှေ့မြောက်ဘက် ၇၄ မိုင်လောက်ဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဆွမ်ပရာဘွမ်မြို့ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၆ ဒသမ ၅၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၆၃ ဒီဂရီ၊ အနက် ၄၇ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်သွားတာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- မိုးဇလ