အင်းစိန်က Fever Clinic (သို့) ကိုဗစ်ရှေ့တန်း ဆေးကုခန်းပုံရိပ်များ
ပြည့်ဘုန်းအောင်
·
May 8, 2020
ရန်ကုန် အင်းစိန်မြို့နယ်မှာဖွင့်လှစ်ထားတဲ့ Fever clinic ဟာ တစ်လကျော်သာ ကြာသေးပေမယ့် ဖျားနာလူနာ ၉၀၀ ကျော်ကို ကုသပေးခဲ့ပြီး နေ့စဉ်လူနာ ၅၀ ဝန်းကျင်လောက် လာပြကြပါတယ်။
ဒီဆေးခန်းကနေပဲ COVID-19 ပိုးတွေ့လူနာ ၅ ဦးကိုတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒေသခံ တော်တော်များများက ဒီဆေးခန်းကို ကိုဗစ်ရှေ့တန်း ဆေးကုခန်းလို့လည်း ခေါ်ကြပါတယ်။
ဓာတ်ပုံ - ပြည့်ဘုန်းအောင်