Homeမြန်မာသတင်း
မန္တလေးမြို့ရှိ ၈၁ လမ်း၊ ၈၂ လမ်း၊၈၃ လမ်း၊ ၈၄ လမ်း တို့ကို ၂ လမ်းမောင်းစနစ် သတ်မှတ်မည်
မန္တလေးမြို့ရှိ ၈၁ လမ်း၊ ၈၂ လမ်း၊၈၃ လမ်း၊ ၈၄ လမ်း တို့ကို ၂ လမ်းမောင်းစနစ် သတ်မှတ်မည်
DVB
·
May 7, 2020
မန္တလေးမြို့မှာရှိတဲ့ ၂၆ လမ်း ကနေ ၃၅ ကြားက တစ်လမ်းမောင်းသတ်မှတ်ထားတဲ့ ၈၁ လမ်း၊ ၈၂ လမ်း၊ ၈၃ လမ်း၊ ၈၄ လမ်းတို့ကို မေလ ၉ ရက်က စပြီး နှစ်လမ်း မောင်းအဖြစ်ပြောင်းလဲသတ်မှတ်သွားမယ်လို့ မန္တလေးမြို့ တော်စည်ပင်သာ ယာရေးကော်မတီ က သိရပါတယ်
အဲ့ဒီလို ပြောင်းလဲပြီးပါက မေလ ၁၅ ရက်နေ့အထိ ပညာပေးကာလ သတ်မှတ်လုပ်ဆောင်မှာဖြစ်ပြီး မေလ ၁၆ ရက်နေ့ကစလို့ ယာဉ်နှစ်ထပ်ရပ်တာ၊ လမ်းပေါ်ဈေးခင်းတာတွေကို အရေးယူတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
လမ်းတွေကိုချဲ့ခင်းပြီးဖြစ်ကာ ကျယ်နေတဲ့ လမ်းတွေကို အကျိုးရှိရှိ အသုံးချဖို့နဲ့ တစ်လမ်းမောင်းလုပ်ထားတဲ့ လမ်းတွေကို ကွေ့ပတ်သွားတာမဖြစ်ဖို့ အဖွဲ့အစည်းပေါင်းစုံနဲ့ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်လိုက်တာလို့ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။
ဒီလိုတစ်လမ်းမောင်းတွေကို နှစ်လမ်းမောင်းပြောင်းတာနဲ့ပတ်သက်ပြီး လူထုသဘောထား စစ်တမ်းကောက်ပြီးသွားပြီလားဆိုတာကို သိဖို့လိုတယ်လို့ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက သုံးသပ် ပြောပါတယ်။