အင်းတော်စစ်ဆေးရေးဂိတ်တွင် နှာခေါင်းစည်း Maskအတွင်း မူးယစ်ဆေး ဝှက်သယ်လာသူ ဖမ်းမိ
DVB
·
May 6, 2020
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ COVID-19 ရောဂါ ကျန်းမာရေးစစ်ဆေးမှု ဂိတ်မှာ မေလ ၄ ရက် မွန်းလွဲပိုင်းက နှာခေါင်းစည်း Mask ထဲမှာ ဘိန်းဖြူမူးယစ်ဆေး ဝှက်သယ်လာသူ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းက သိရပါတယ်။
အင်းတော်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မင်းအောင်နဲ့ အဖွဲ့ဟာ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း လယ်ပြင်ရွာအနီး စစ်ဆေးရေးဂိတ်မှာလုံခြုံရေး တာဝန်ဆောင်ရွက်နေစဉ် အင်းတော်ဘက်မှ နတ်မဟုတ်ကြီးရွာဘက်သို့ လမ်းလျှောက်လာတဲ့ ဖိုးချို(ခ)လွင်ထူးကို မသင်္ကာလို့ ရှာဖွေစစ်ဆေးရာ သူတပ်လာတဲ့ mask အပြာနုရောင်အတွင်းက ဘိန်းဖြူ ၀ ဒသမ ၁ ဂရမ်ခန့်ပါ ဆေးထိုးပြွန် အပိုင်း နှစ်ခု ၀ ဒသမ ၂ ဂရမ် ဖမ်းဆီးရမိခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။
မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ဖိုးချို(ခ)လွင်ထူးကို အင်းတော်မြို့မရဲစခန်းက မယ(ပ)၆၉/၂၀၂၀ မူးစိတ်ပုဒ်မ ၁၆(ဂ) အရ အရေးယူဆောင်ရွက်နေပါတယ်။
သတင်း- ကိုကိုလင်း (အင်းတော်)