Home
အနုပညာ
မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ထားသည့် အိမ့်ချစ် သီချင်းသစ် - နည်းနည်းလေးချစ်ပေးပါ (ရုပ်သံ)
DVB
·
May 5, 2020
Eait Chint - Nal Nal Lay Pe Chit Pay Par
“နင်စိတ်ကြိုက် မေ့ထားပြီးနေလိုက်… ငါဟာ မင်းအတွက် အရုပ်တရုပ်ပဲ… အောက်ခြေလွတ်ပြီး ငါ့ကို နင်လေ စိမ်းရက်တယ်… နင့်သဘောအတိုင်း ကြုံရာမှာ ထား လိုက်… ပုံပြင်တွေ ပြောနေမှန်း ငါသိတောင်… မင်းလက်ထဲက မထွက်ချင်ခဲ့” ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ အဆိုတော် အိမ့်ချစ်ရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။ “နည်းနည်းလေးချစ်ပေးပါ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ အဆိုတော် ဝေလက ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။ “ဟေး… ခဏချစ်ပြီးမှ ငါ့ကို နင်စိတ်ကုန်နေပြီလား… Baby I Love You အသက် လို ချစ်နေတာ နင် သိရက်နဲ့… Baby နည်းနည်းလေးတော့ ငါ့ကို မင်းပြန်ချစ်ပေးပါ… ငါ ဟာ နင့်ရဲ့ ဘဝအတွက် တခုမှ အရေးမကြီးတဲ့သူလား… ကြယ်တွေ ကြွေနေတာကို ငေး ကြည့်ရင်းနဲ့ လမင်းလို အချစ်တွေ ခိုင်မြဲတယ်… … Baby နည်းနည်းလေးတော့ အရင်လို ကြင်နာခွင့်ပေးပါ” ဒီသီချင်းရုပ်သံထဲမှာတော့ အိမ့်ချစ်နဲ့အတူ နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ အဆိုတော် သရုပ်ဆောင် မိုရီဆာကီဝင်း၊ ခင်ရတနာနွယ်တို့က သရုပ်ဆောင်ပါဝင်ထားခဲ့ကြတာ ဖြစ်ပြီး ဒါရိုက်တာ မေဘရဏီက ရိုက်ကူးပုံဖော်ပေးထားခဲ့တာပါ။ မြန်မာ့ဂီတလောကမှာ ဆယ်စုနှစ်ပေါင်းများစွာ နေရာယူထားနိုင်ဆဲဖြစ်တဲ့ အဆိုတော် ချစ်ကောင်း မျိုးဆက်ဖြစ်တဲ့ အိမ့်ချစ်ဟာ ဖခင်ရဲ့ သီချင်းတွေကို သူ့ရဲ့ ထူးခြားဆန်းသစ်တဲ့ သီဆိုမှုတွေနဲ့ ပြန်လည်သီဆိုပြီး အောင်မြင်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ တကိုယ်တော် တေးအယ်လ်ဘမ်တွေမှာရော၊ အတွဲသီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုအောင်မြင်နေသူ ဖြစ်ပါတယ်။ “မဆိုင်တော့ဘူးလို့ နင်ထပ်ပြီး မပြောပါနဲ့… ပိုင်ခဲ့ဖူးမှန်း သိရက်နဲ့… ဟောင်းလေခဲ့သော အတိတ်မှာ နင်ဟာ ငါ့ချစ်သူ… ဖြစ်ခဲ့မှန်း နင်ကိုယ်တိုင်သိတယ်… သေချာမှုများက မင်ကြောင်လို ဖျက်မရခဲ့” အချစ် အလွမ်း ဇာတ်လမ်းပုံစံ ဖန်တီးပုံဖော်ထားခဲ့တဲ့ ဒီသီချင်းရုပ်သံကိုတော့ V7 Entertainment က တင်ဆက်ပေးလိုက်တာဖြစ်ပြီး လတ်တလောမှာတော့ အွန်လိုင်းပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013