Home
မြန်မာသတင်း
COVID-19  အတည်ပြုလူနာအမှတ် Case -110 သေဆုံး
DVB
·
April 29, 2020
94675328_2906079869484881_2708674923982749696_n
COVID-19 ဓာတ်ခွဲအတည်ပြုလူနာအမှတ် (Case- 110) သေဆုံးသွားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မွန်းလွဲ ၁ နာရီမှာ  သတင်းထုတ်ပြန်ပါတယ်။ တောင်ဥက္ကလာပအထူးကုဆေးရုံမှာ အထူးကြပ်မတ်ကုသခံယူခဲ့ရတဲ့  သွေးတိုးရောဂါနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ အခံရှိသူ အသက် (၆၃)နှစ်အရွယ် အမျိုးသား  (Case-110) ဟာ ဒီကနေ့မနက်  ၁၁ နာရီ ၁၅ မိနစ်က သေဆုံးသွားတာလို့  ဆိုပါတယ်။ သေဆုံးရတဲ့ကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ အသက်ရှူလမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းနဲ့  ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဧပြီ ၂၉ ရက်အထိ    မြန်မာနိုင်ငံတဝန်းမှာ ဓာတ်ခွဲအတည်ပြုလူနာ  စုစုပေါင်း ၁၅၀ ဦး၊ ရောဂါပိုးကင်းစင်သူ  ၁၆ ဦးနဲ့  သေဆုံးသူ  ၆  ဦးရှိသွားပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024