ကညွှတ်ကွင်း Quarantine Center နေသူများကို ဝါသနာရှင်လူငယ်များ သီဆိုဖျော်ဖြေ
DVB
·
April 26, 2020
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ ကွင်းနောက် (၁) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ Quarantine Center မှာ နေသူတွေ စိတ်ဓာတ်ခွန်အား မြင့်မားစေဖို့ ရည်ရွယ်ပြီး မြို့ပေါ်ရှိ ဝါသနာရှင်လူငယ်လေးတွေက ဧပြီ ၂၅ ရက်နေ့ညပိုင်းမှာ သီချင်းဆိုဖျော်ဖြေခဲ့ကြပါတယ်။
ဝါသနာရှင် ၇ ဦးက ဖျော်ဖြေခဲ့တာဖြစ်ပြီး ငွေကြေးအခက်အခဲကြောင့် Quarantine Center အားလုံးမှာတော့ မဖျော်ဖြေနိုင်ခဲ့ဘူးလို့ ဦးဆောင်သူတဦးက ပြောပါတယ်။
“ရက်ပေါင်း ၂၁ ရက်ဆိုတဲ့ အချိန်က မနည်းဘူးလေ။ အဲဒီအချိန်မှာ သူတို့တွေ စိတ်ဓာတ်ခွန်အားတွေ ရှိနေဖို့အတွက် ရည်ရွယ်တယ်။ ငွေကြေးအခက်အခဲကြောင့် တတ်နိုင်သလောက်လေး လုပ်ရတာပါ။”
မနေ့ည ၈ နာရီအချိန်လောက်က စတင်ပြီး စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေကို သီဆိုဖျော်ဖြေပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖြူးမြို့နယ်အတွင်း Quarantine Center ၇ ခုမှာ ပြည်ပနိုင်ငံတွေက ပြန်လာသူ ၂၂ ဦးသာ ရှိတော့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ကျော်အောင်(ကညွှတ်ကွင်း)