ရေးမြို့နယ်တွင် အိမ်သုံးရေ ရှားပါး ပြတ်လပ်မှုနှင့် ကြုံတွေ့နေရ
DVB
·
April 24, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေအများပြားမှာ အိမ်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓမင်းဆိပ်ကျေးရွာနေ ဦးဇော်မင်းစိုးက “ရေတွင်း ရေခမ်းခြောက်လာတာကြောင့် လတ်တလောမှာ အိမ်သုံးရေလည်းမရှိသလို သောက်သုံးရေတွေဝယ်ယူရာမှာလည်း ငွေကြေး အခက်ခဲတွေကြောင့် နီးစပ်ရာ ၁ မိုင်လောက်ဝေးတဲ့နေရာမှာ ရွာက ဒေသခံတွေက သွားရောက် ခတ်ယူနေရတယ်”လို့ ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးကတော့ “အခုချိန်က ရာသီဥတု ပူပြင်းလာတာတဲ့အခါ ရေတွင်း ရေကန်လည်း ခမ်းခြောက်လာတာနဲ့အမျှ မီးဘေးအန္တရာယ်ဖြစ်လာနိုင်တာကြောင့် မီးသုံးစွဲရာမှ လူထုတွေအနေနဲ့ မပေါ့ဆကြဖို့ အမြဲတမ်းလည်း သတိရှိကြဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။
ရေရှားပါးတဲ့နေရာတွေကို ရေအလှူရှင်တွေက နီးစပ်ရာမှာ တပိုင်တနိုင်ရေကိုသွားရောက် လှူဒါန်းပေးနေပေမဲ့ အိမ်သုံး ရေတွေက လုံလောက်မှုမရှိကြဘဲ ရေအလှူရှင်တွေရဲ့ အကူအညီတွေ ထပ်မံလိုအပ်နေတယ်လို့ သိရပါတယ်။
သတင်း- နေမျိုးထွဋ်