Home
မြန်မာသတင်း
WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်၏ ရုပ်အလောင်းကို ကျောက်ဖြူမှ  ပြည်မြို့သို့ ပို့ဆောင်
DVB
·
April 22, 2020
94917823_322477838721252_342419875446128640_n
94690990_974935722925071_7194850697962061824_n
93616203_2540679849523335_2453944631314874368_n
94119489_1573184726162442_1784648513095729152_n
ရခိုင်ပြည်နယ်မှာ ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်ရဲ့ ရုပ်အလောင်းကို ကျောက်ဖြူမြို့မှတဆင့်  လေးဝတီကုလရက္ခိတ(ပရဟိတ)အသင်းကားနဲ့  သူ့ရဲ့နေရပ် ပြည်မြို့ကိုပို့ဆောင်နေပြီဖြစ်ပါတယ်။ စစ်တွေမြို့ကနေ ဧပြီ ၂၂ ရက်မနက်က စက်လှေနဲ့ သယ်ဆောင်လာတဲ့ ဦးပြည့်စုံဝင်းမောင်ရဲ့ ရုပ်အလောင်းဟာ ကျောက်ဖြူမြို့ အမှတ်(၃)ဆိပ်ကမ်းကို မွန်းလွဲ ၃ နာရီကျော်မှာ  ရောက်ရှိလာပြီး ပြည်မြို့ကို ဆက်လက်ပို့ဆောင်လိုက်တာလို့ လေးဝတီကုလရက္ခိတ(ပရဟိတ)အသင်း ဥက္ကဋ္ဌ  ဦးဂျပန်ကြီးက  ပြောပါတယ်။ “သူတို့က စစ်တွေကနေပြီးတော့ မနက် (၇) နာရီကျော်လောက်က ရုပ်အလောင်းကို လှေနဲ့သယ်ပြီးတော့ ထွက်လာတယ်လို့ ပြောတယ်။ ဒီကိုတော့ ၃ နာရီကျော်လောက်မှာ ရောက်တာပေါ့။ ဒီကနေပြီတော့ ကျနော်တို့ လေးဝတီကုလရက္ခိတအသင်းကားနဲ့ ကျန်းမာရေးဌာနက ကားတစ်စီးနဲ့ပေါ့ သူရဲ့ ရုပ်အလောင်းကို ပြည်မြို့ကသူတို့မိသားစုဆီကို အရောက်ပို့ဖို့ထွက်သွားပါပြီ” ဧပြီ ၂၀ ရက်က WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် မောင်းနှင်လာတဲ့ ယူအန်တံဆိပ်ပါကားနဲ့ COVID-19 ဓာတ်ခွဲနမူနာတွေ ရန်ကုန်ကိုပို့ဖို့  တင်ဆောင်လာစဉ် မင်းပြားမြို့နယ် ရာမောင်တံတား အလွန်မှာ ပစ်ခတ်ခံခဲ့ရတာပါ။ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ WHO ဝန်ထမ်းကျန်းမာရေး ကြီးကြပ်သူ ဦးအောင်မျိုးဦးနဲ့ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်တို့ ဒဏ်ရာအသီးသီးရရှိသွားပြီး မင်းပြားဆေးရုံမှာ ဆေးကုသမှုပေးနေစဉ် ဦးပြည့်စုံဝင်းမောင်မှာ ဒဏ်ရာပြင်းထန်တဲ့အတွက် ဧပြီ ၂၁ ရက်နေ့မှာ သေဆုံးသွားခဲ့တာပါ။  နောင်နောင် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024