ကျုံပျော်မြို့အနီးတွင် အင်အား ၄.၆ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
April 20, 2020
ဒီနေ့ နေ့လယ် ၁၂ နာရီလောက် ကျုံပျော်မြို့နားမှာ အင်အား ရစ်ခ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် ၁၁ နာရီ ၄၉ ကျော်က ဂွမြေငလျင်စခန်းရဲ့ အရှေ့တောင်ဘက် ၄၇ မိုင် လောက်ဝေးတဲ့ ကျုံပျော်မြို့ရဲ့ အရှေ့မြောက်ဘက် ၈ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၆ အဆင့် အင်အာနည်းနည်းရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။