Homeမြန်မာသတင်း
အဆိုတော်နီတာ နေထိုင်ခဲ့သည့် အင်းစိန်မြို့နယ် ၁၀ မိုင်ကုန်းရှိ နေအိမ်ကို Lockdown ချထား
အဆိုတော်နီတာ နေထိုင်ခဲ့သည့် အင်းစိန်မြို့နယ် ၁၀ မိုင်ကုန်းရှိ နေအိမ်ကို Lockdown ချထား
DVB
·
April 16, 2020
အဆိုတော်နီတာနေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် (၁၀) မိုင်ကုန်းကနေအိမ်ကို အသွားအလာကန့်သတ်တားဆီးပိတ်ပင် Lockdown လုပ်ထားတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။
ဧပြီ ၁၆ ရက် မနက်ပိုင်းက ထုတ်ပြန်လိုက်တဲ့ COVID-19 အတည်ပြုလူနာ ၁၁ ဦးထဲမှာ အဆိုတော်နီတာလည်း ပါဝင်ခဲ့ပါတယ်။
အတည်ပြုလူနာစာရင်းထုတ်ပြန်လိုက်တဲ့ မနက်မှာပဲ အဆိုတော်နီတာနေခဲ့တဲ့ အင်းစိန်မြို့နယ်က နေအိမ်ကို Lockdown လုပ်လိုက်တာလို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဆိုပါတယ်။
အဆိုတော်နီတာက ဧပြီလ ၁ရက်ကနေ ၈ ရက်အထိ ဖျားခဲ့တဲ့အတွက် ဆေးခန်းတခုမှာ သွားရောက်ပြသခဲ့တာကြောင့် သူနဲ့ ထိတွေ့ခဲ့တဲ့ ဆရာဝန်နဲ့ ဆေးအကူဝန်ထမ်းကိုလည်း ဆက်သွယ်စုံစမ်းနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုတော်နီတာနဲ့ ထိတွေ့ခဲ့တဲ့ ဆွေမျိုးတော်စပ်သူတွေကိုလည်း home quarantine လုပ်ထားတယ်လို့ သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောပါတယ်။
သင်းသင်းဇော်