လှိုင်းဘွဲမြို့နယ်တွင် အသက် ၁၁ နှစ်အရွယ် ၃ တန်းကျောင်းသူ ၁ ဦး အဓမ္မပြုကျင့်ခံရ
DVB
·
April 16, 2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာ အရွယ်မရောက်သေးတဲ့ ၃ တန်းကျောင်းသူကို အမျိုးသား တဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စန်းဦးက ပြောပါတယ်။
ထီလုံကျေးရွာမှာ ဧပြီ ၁၄ ရက် မနက်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးဟာ ရွာအနီးက လယ်ကွင်းထဲ ဆိတ်ကျောင်းရင်း ထန်းပင်အောက် နားနေခိုက် တရွာတည်းနေ အိမ်နီးချင်းဖြစ်သူ ၁၈ နှစ်အရွယ်လူငယ်တဦးက နွားကျောင်းနေရာမှ ရောက်ရှိလာပြီး လယ်ကွက်အတွင်း ခေါ်ဆောင်ကာ ၃ ကြိမ် အဓမ္မပြုကျင့်ခဲ့တာလို့ ရဲမှူး စန်းဦးက ပြောပါတယ်။
“ကျူးလွန်သူကိုတော့ အချုပ်ရမန်ယူထား တယ်။ သူအပြစ်တော့ သူထိုက်သင့်တဲ့အပြစ်ဒဏ်တော့ သူခံရမှာပေါ့”လို့ ရဲမှူးက ပြောပါတယ်။
မိန်းကလေးငယ်ကို ဆေးကုသမှုခံယူနိုင်ဖို့ လှိုင်းဘွဲဆေးရုံကို ရဲဆေးစာနဲ့ ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံတာဝန်ရှိသူတွေက ဒဏ်ရာအခြေအနေကြောင့် ဘားအံဆေးရုံကြီးကို လွှဲပြောင်းပြီး ဆေးကုသမှုခံယူခိုင်းတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ မိန်းကလေးရဲ့ မိခင်ဖြစ်သူက ထီလုံနယ်မြေရဲစခန်းကို တိုင်တန်းခဲ့တဲ့အတွက် ကျူးလွန်သူကို အမျိုးသားကို မုဒိမ်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်။
သတင်း- ရဲမင်းခေါင်