COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန် ချောက်မြို့နယ်ရှိ ဈေးအားလုံး ယာယီပိတ်
DVB
·
April 13, 2020
COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ဈေးအားလုံးကို ဧပြီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ယာယီဈေးပိတ်ထားမယ်လို့ ချောက်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက ပြောပါတယ်။
“ဈေးမှန်သမျှ အကုန်ပိတ်တာ၊ အတွင်းကော၊ အပြင်ကော၊ ပျံကျဈေးတန်းကော အားလုံးပိတ်တာပါ။ လူစုစုဖြစ်တာကို အရမ်းကြောက်တဲ့ အဖွဲ့အစည်းတွေက အရမ်းများနေတယ်။ မကြောက်တဲ့ အဖွဲ့အစည်းတွေကလည်း မကြောက်ဘူး။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကြောက်တယ်လေ။ တွေ့ရှိတဲ့ လူဦးရေက တိုးလာတာကို။ စည်ပင်သာယာရေးကော်မတီက ပိတ်လိုက်တယ်။ အခြားမြို့တွေလို တခြားနေရာမှာ ရောင်းချဖို့အတွက် လတ်တလော ယာယီဈေးရောင်းချဖို့အတွက် အခြေအနေမရှိဘူး။”
ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး၊ ဈေးဘက်ဈေး၊ စလေမြို့ဈေး၊ ဂွေပင်ကျေးရွာရှိဈေး စတဲ့ဈေးတွေကို ပြီးခဲ့တဲ့နှစ်တွေက သင်္ကြန်ကာလ အချိန်ပိုင်းပိတ်ပြီး ပြန်ကျစျေး ရောင်းခွင့်ပြုခဲ့ပေမဲ့ အခုက အားလုံးကို ယာယီပိတ်သိမ်းလိုက်တာလို့ သိရပါတယ်။
လိုက်နာဖို့ ပျက်ကွက်ပါက ဈေးစည်းကမ်းအရ၊ တည်ဆဲဥပဒေရ လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)