ချောက်စည်ပင် အခြေခံဝန်ထမ်း ၈၈ ဦးကို စားသောက်ကုန်များ ထောက်ပံ့
DVB
·
April 9, 2020
မကွေးတိုင်း၊ ချောက်မြို့ စည်ပင်သာယာရေးအဖွဲ့က ဌာနတွင်း တာဝန်ထမ်းဆောင်နေတဲ့ အခြေခံဝန်ထမ်း ၈၈ ဦးကို ဧပြီလ ၈ ရက်နေ့က စားသောက်ကုန်တွေ ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။
"ချောက်မြို့စည်ပင်သာယာရေးကော်မတီရဲ့ အစီအစဉ်နဲ့ လှူဒါန်းတာဖြစ်ပြီး အောက်ခြေ အခြေခံဝန်ထမ်း ၁ ဦးကို ဆန် သုံးပြည်၊ ဆီ ၅၀ သားနဲ့ ကုလားပဲ နို့ဆီဘူး ၂ ဘူး၊ ဝန်ထမ်း ၈၈ ဦးကို ထောက်ပံ့ပေးတာပါ။ စုစုပေါင်း တန်ဖိုးခြောက်သိန်းငါးသောင်းကျပ်ဖိုးဖြစ်ပါတယ်" လို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ချောက်မြို့ စည်ပင်သာယာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေတဲ့ အခွန်ကောက် ဝန်ထမ်းတွေ၊ ရေပေးရေးဝန်ထမ်းတွေ၊ ယာဉ်မောင်းတွေ၊ ရုံအကူဝန်ထမ်းတွေ၊ နေ့စားနဲ့ ပုတ်ပြတ် လုပ်သားတွေ၊ ညစောင့်ဝန်ထမ်းတွေ၊ မြို့နဲ့ဈေး သန့်ရှင်းရေးဝန်ထမ်းတွေ စုစုပေါင်း ၈၈ ဦးကို ထောက်ပံ့ပေးအပ်ခဲ့တာပါ။
မကွေးတိုင်း ချောက်မြို့နယ်က ပညာရေးဝန်ထမ်းများစုပေါင်းပြီး COVID 19 ရောဂါ ကာကွာရေးလုပ်ငန်းအတွက် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ ငွေကျပ် ၁၆ သိန်းကျော်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)