Home
မြန်မာသတင်း
COVID-19 လူနာအမှတ် ၁၇ ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ကွယ်လွန်
မင်းညို
·
April 8, 2020
92818429_1101570180198442_818763862043000832_n
92220116_1101570223531771_2061030904133844992_n
92135662_1101570370198423_1454631472408297472_n
92025384_1101570330198427_5603443135859392512_n
91642167_1101570263531767_4141677254621003776_n
ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာအမှတ် ၁၇ ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးဟာ ဒီမနက် အစောပိုင်း ၃ နာရီခွဲလောက်က  သေဆုံးသွားတယ်လို့ ပြည်မြို့ ပြည်သူ့ဆေးရုံ ဒုဆေးရုံအုပ် ဒေါက်တာသီတာစိုးက အတည်ပြုပြောပါတယ်။ အသက် ၄၇ နှစ်အရွယ် လူနာအမှတ် ၁၇ ဟာ ရန်ကုန်က ပုဂ္ဂလိကဆေးခန်းတခုမှာ အလုပ်လုပ်တဲ့ ဇနီးဖြစ်သူ လူနာအမှတ် ၁၅ ဆီကနေ ကူးစက်ခံခဲ့ရတာဖြစ်ပြီး သူတို့ရဲ့အသက် ၈ နှစ်နဲ့ ၁၀ နှစ်အရွယ် သားနဲ့သမီးငယ်၊ ၁၈ နှစ်အရွယ် တူမတို့လည်း ရောဂါကူးစက်ခံထားရတာ ဖြစ်ပါတယ်။ ဇနီးသည်ဖြစ်တဲ့ လူနာအမှတ် ၁၅ ကတော့  ရန်ကုန် ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ လူနာ အမှတ် ၁၇ ဟာ  ဒီနေ့မနက် ၃ နာရီ ၄၀ မိနစ်က ပြည်ဆေးရုံမှာ ကွယ်လွန်သွားတာဖြစ်ပြီး COVID-19 ကြောင့် သွေးဆိပ်တက်တာနဲ့ ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးတာလို့ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ  ခင်ခင်ကြီးက ဆိုပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ COVID-19  အတည်ပြုလူနာပေါင်း ၂၂ ဦးရှိပြီး ဒီအထဲက ၂ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024