Home
မြန်မာသတင်း
COVID-19 ရောဂါပိုးရှိသူ အသက်ရှူထုတ်သည့် လေမှတဆင့် ရောဂါကူးစက်နိုင်ဟု ကျန်းမာရေးဌာန သတိပေး 
ပိုင်စိုး
·
April 6, 2020
92297925_3305244969504785_8930931372982272000_o
10
9
8
7
6
5
4
3
2
1
COVID-19 ရောဂါပိုးရှိသူ အသက်ရှူထုတ်တဲ့အခါ ထွက်လာတဲ့လေနဲ့ စကားပြောတဲ့အခါ လွင့်စင်လာတဲ့လေကတဆင့်လည်း ရောဂါပိုးကူးနိုင်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။ ဧပြီ ၄ ရက်အထိ နောက်ဆုံးရထားတဲ့အချက်အလက်တွေအရ နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့နဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမှာ ဖော်ပြထားတာပါ။ COVID-19 ဗိုင်းရပ်စ်ဟာ အရွယ်အစားကြီးတာကြောင့် လေထဲမှာ မျောမနေနိုင်ပေမယ့် ရောဂါပိုးကူးစက်ခံထားရသူ အသက်ရှူထုတ်တဲ့အခါထွက်လာတဲ့လေ၊ စကားပြောတဲ့အခါ လွင့်စင် လာတဲ့ အရည်၊ အမှုန်အမွှားတွေ၊ နှာချေ၊ ချောင်းဆိုးရာကထွက်လာတဲ့ ရောဂါပိုးအစက်အမှုန်တွေ ဟာ ၃ ပေကနေ ၆ ပေလောက်အထိ လွင့်စင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူတယောက်နဲ့တယောက် အနည်းဆုံး ၆ ပေအကွာကနေ နေထိုင် ပြောဆို ဆက်ဆံကြဖို့ အရေးကြီးသလို ရောဂါပိုးတင်ငြိနေနိုင်တဲ့ အရာဝတ္ထု မျက်နှာပြင်တွေကို ကိုင်တွယ်ထားတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မကိုင်မိစေဖို့ အရေးကြီးပါတယ်။ ပြီးတော့ လူများတဲ့နေရာတွေကိုသွားတဲ့အခါ၊ လူတယောက်ထက်ပိုပြီး အလုံပိတ်ခန်းထဲမှာ အလုပ်လုပ်ကြတဲ့အချိန်မျိုးမှာ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ကြဖို့ ကျန်းမာရေးဌာနက အကြံပြုထားပါတယ်။ နှာခေါင်းစည်း ၃ မျိုးရှိပြီး ရောဂါပိုးမွှားတွေကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့ N95 ကိုတော့ ကျန်းမာရေးဝန်ထမ်းတွေပဲ သုံးစွဲတပ်ဆင်ကြဖို့ အကြံပြုပြီး သာမာန်လူတွေကတော့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းနဲ့ အိမ်တွင်းဖြစ် အဝတ်နှာခေါင်းစည်းတို့ကို တပ်ဆင်နိုင်တယ်လို့ ဆိုပါတယ်။ N95 ဟာ အပြင်က ရောဂါပိုးပါတဲ့ အစက်အမှုန် ၁၀၀ မှာ၁ ခုပဲ ဝင်ရောက်နိုင်ခြေရှိပြီး ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းကတော့ ၂၅ ခုပဲ ဝင်ရောက်နိုင်ခြေရှိပါတယ်။  အဝတ်နှာခေါင်းစည်းကတော့ ၃၃ ခု ဝင်ရောက်နိုင်ခြေရှိပြီး သူ့ရဲ့အားသာချက်ကတော့ ပြန်ပြီးလျှော်ဖွပ်သုံးစွဲနိုင်တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024